spec

Intro

စာလည်းရေးမယ်ရေးမယ်နဲ့ ပျင်းနေတာနဲ့မရေးဖြစ်ဘူး။ ဒီနေ့တော့ youtube video တစ်ခုမှာမြင်လိုက်လို့ idea ရတာနဲ့ ရေးမယ်ဆိုပြီး ကောက်ရေးလိုက်တာ။ title ကတော့ မြင်တဲ့အတိုင်းပါပဲ။ ကျနော်သာ DevOps Engineer တစ်ယောက်ဖြစ်ဖို့ အစကနေပြန်စရမယ်ဆိုရင် ဘာတွေကို လေ့လာမလဲ၊ ကိုယ်လေ့လာရမဲ့ resources တွေကို ဘယ်နေရာကရှာမလဲ၊ ပြီးတော့ ဘယ်လိုတွေပြင်ဆင်မလဲဆိုတာကို ရေးပေးပါမယ်။ ကျနော် facebook page ကနေ DevOps Engineer တစ်ယောက်ဖြစ်ဖို့အတွက် free resources တွေကို သုံးပြီးတော့ ဘယ်လိုလေ့လာလို့ရမလဲဆိုတာကို တင်ပေးထားပါတယ်။ resources links တွေရော ဘာကို ဘယ်လိုစရမယ်ဆိုတာကိုရော video တစ်ပုဒ်လုပ်ထားပေးဖူးပါတယ်။ ဒီ article ကတော့ အဲ့ဒါနဲ့နည်းနည်းကွာပါလိမ့်မယ်။

DevOps ဆိုတာကိုဘာလဲ

ဘာမှမသိသေးဘဲ သူများ DevOps လို့လိုက် DevOps တာကိုလက်ခံပါတယ်။ နာမည်ကြီးနေတဲ့ trend ဆိုတော့ လူတိုင်းလိုက်ကြတာဘာမှပြောလို့မရပါဘူး။ ဒါပေမဲ့ကျနော်တို့ ကိုယ့်ဘာသာကိုယ်နားလည်ဖို့လိုပါတယ်။ အဲ့တော့ DevOps ဆိုတာ လူပြောများနေတယ်၊ အလုပ်ခေါ်တာများနေတယ် ကြားရင် အရင်ဆုံး What is DevOps, What does DevOps Engineer do စသဖြင့် google ခေါက်ပြီးနားလည်အောင် နည်းနည်းပါးပါးဖတ်ပါတယ်။ များသောအားဖြင့်တွေ့ရမှာကတော့ DevOps is not an individual or a particular job role or title. ဆိုတာမျိုး၊ DevOps is a movement or culture shift in application or software development. ဆိုတာမျိုးတွေရေးထားတာပါ။ တစ်ချို့ကလည်း tools တွေကိုသုံးပြီး software development/deployment ကို ပိုမြန်အောင်၊ automatic ဖြစ်အောင် ….. အမျိူးမျိူးပြောကြပါတယ်။ အတိုခြုံ့ပြီးနားလည်လိုက်တာကတော့ DevOps ဆိုတာ approach၊ အဲ့ approach/နည်းလမ်း ကိုလိုက်နာပြီး လိုအပ်တဲ့နေရာမှာ အံဝင်ဂွင်ကျဖြစ်မဲ့ tools တွေ၊ technology တွေကိုသုံးပြီးတော့ software development ကိုကူညီပေးတဲ့သူကို DevOps Engineer လို့ခေါ်တယ်ပေါ့၊ ဒါတော့ကျနော်နားလည်လိုက်တဲ့ပုံစံပါ။

အရင်ကဘာတွေသိထားလဲ

ကိုယ့် background ကဘာလဲ၊ ကိုယ်ဘာတွေသိထားလဲ ဆိုတာကို ကိုယ့်ကိုယ်တိုင်သာအသိဆုံးပါ။ တစ်ချို့ IT နဲ့လုံးဝမသက်ဆိုင်နေတာမျိုးတွေရှိနိုင်သလို IT field ထဲမှာပဲ အလုပ်လုပ်ရင်းနဲ့ career change ချင်တဲ့သူတွေလည်းရှိနိုင်ပါတယ်။ အဲ့တော့ ကျနော်တို့ အပေါ်မှာလိုမျိုး DevOps နဲ့ပါတ်သတ်တာတွေ နည်းနည်းပါးပါးရှာဖွေဖတ်ပြီးတဲ့ အခါမှာတော့ ကိုယ်ဘာတွေလုပ်ရမလဲ ဆိုတာကို အနည်းနဲ့အများသိသလောက်ဖြစ်သွားပြီဆိုပါတော့။ နောက်တစ်ဆင့်အနေနဲ့ကျ လုပ်ရမဲ့ဟာတွေကို learn လုပ်ဖို့အတွက် resources တွေရှာရတော့ပါတယ်။ ကဲအဲ့တော့ ဘယ်ကစမလဲ..။

Resources ဘယ်ကရှာမလဲ။ paid လား။ free လား။

Learn လုပ်ဖို့ resource ရှာတဲ့အချိန်မှာ တိုင်မပတ်ဖို့အရေးကြီးပါတယ်။ တစ်ခုဆိုတစ်ခုကနေပဲလုပ်မယ်လို့ဆုံးဖြတ်ပြီးရှာတာအကောင်းဆုံးပါပဲ။ ဥပမာဘယ်လို တိုင်စပတ်လဲဆိုရင် ကျနော်ကိုယ်တိုင်ကြုံခဲ့ရတာကိုပြောပြပါမယ်။ ကျနော် စစလုပ်ချင်း linux ကိုစလေ့လာတော့ online ပေါ်မှာ လိုက်ရှာတယ်။ free တွေရော paid တွေရောပေါသောနေတာပဲ။ ဟိုဟာဆိုလည်းကြည့်လိုက် ဒါဆိုလည်းကြည့်လိုက်နဲ့ ဘယ်ရောက်လို့ရောက်မှန်းမသိတော့ဘူး။ အဲ့တော့ ကျနော်သာ စလုပ်မဲ့သူဆိုရင် book ဆိုလည်း book၊ course ဆိုလည်း ဘယ် platform က course ကိုကြည့်မလဲဆိုတာကို ရွေးလိုက်မယ်။ ထားပါတော့ KodeKloud ဆို KodeKloud၊ Linux Foundation ဆို Linux Foundation၊ A Cloud Guru ဆို လည်း Cloud Guru ပေ့ါ။ ပြီးရင်အဲ့ကပါတဲ့ course တွေ labs တွေကို သေသေချာချာလေး practise လိုက်လုပ်လိုက်မယ်။ ဒီနေရာမှာ ကိုယ်က money မသုံးနိုင်ဘူးဆိုရင် local မှာ free share ပေးနေတဲ့သူတွေဘယ်သူတွေရှိလဲ ရှာပါတယ်။ အရင်ကျနော်တို့စခဲ့တဲ့အခါတုန်းကတော့ Docker Myanmar, DevOps Myanmar, Kubernetes User Group Myanmar, Ubuntu Myanmar Loco Team စတဲ့ community အသီးသီးကနေ တစ်လနဲ့တစ်လမရိုးနိုင်အောင် workshop အမျိုးမျိုးကိုဖန်တီးပေးနေတာ့ အဲ့ workshop တွေတက်ရင်နဲ့ကို network လည်းကျယ်လာသလို knowledge လည်းတော်တော်ရခဲ့ပါတယ်။ ခုတော့ အခြေအနေအရ ဒါမျိုးတွေမရှိတော့ပေမဲ့ တစ်ချို့ online ကပဲ free sharing လုပ်ပေးနေတဲ့သူတွေရှိပါတယ်။

ဘယ်လိုလေ့လာမလဲ

အခုဆိုရင်တော့ တစ်ချို့ platform တွေက Roadmap တွေနဲ့သေချာကို ပြင်ဆင်ပေးထားတယ်ဆိုတော့ platform တစ်ခုမှာပဲလေ့လာနေရင်တောင်ပြည့်စုံတယ်ပြောလို့ရတယ်။ စဖို့ကိုပြောတာပါ။ subscription ဝယ်လိုက်တာနဲ့ DevOps ဖြစ်မယ်ဆိုရင်တော့ ရိုက်သတ်လို့တောင်ကုန်မှာမဟုတ်ဘူး။ ပြီးရင် DevOps field ထဲမှာအလုပ်လုပ်နေတဲ့သူတွေ ကဘာတွေလုပ်နေကြလဲ။ သူတို့ ဘယ်လို tech တွေ sharing လုပ်ပေးနေလဲဆိုတာကို တစ်ချက် show လိုက်ပါတယ်။ ထားပါတော့ ကိုယ်က Linux တော့အခြေခံသိတယ်။ docker ဆိုတဲ့ technology လေးကြားမိလိုက်တယ်။ အဲ့ဒါဘာကြီးလဲ ဘယ်လိုနေရာတွေမှာသုံးလဲ ဒါကိုကျတော့ ကိုယ့်ဘာကိုယ်ရှာဖွေရပါတယ်။ ပြီးရင် တစ်စ တစ်စနဲ့သိလာပြီးတော့ အကုန်လုံးကိုပေါင်းပြီး ဘယ်လိုတွေသုံးလဲလေ့လာပါတယ်။ ကျနော်တွေးတာကတော့ စာချည်းပဲလေ့လာရင် money ရှိရင် ကိစ္စမရှိပေမဲ့ မရှိရင်ကျ course ဖိုးတွေ၊ book ဖိုးတွေက မိုးပေါ်ကကျလာမှမဟုတ်ဘူး။ အဲ့အတွက် အလုပ်တစ်ခုလောက်စရှာရပါတယ်။ ပြီးရင် ပိုက်ဆံရရ မရရ အလုပ်မှာသုံးတာတွေကို လေ့လာပါတယ်။ မသိတာရှိရင် အလုပ်က senior တွေကိုမေးပါတယ်။ သူတို့နဲ့ ဆွေးနွေးပါတယ်။ ဒီနေရာမှာလည်း ကိုယ့်ကိုလူမုန်းခံရနိုင်တဲ့ stupid person လို့ထင်ခံရနိုင်တဲ့ ငပိန်းမေးခွန်းမျိုးတွေရှောင်ပါတယ်။ google ခေါက်ရင်ရနေတဲ့ solution တွေကို ဒါဘယ်လိုလုပ်ရမလဲသွားမေးတာလောက် ပိန်းတာမရှိဘူးလို့တွေးမိလို့ပါ။ အဲ့ကျဖြေတဲ့သူလည်းမဖြေချင်ဘူး။ ပြီးတော့ free sharing လုပ်ပေးနေတဲ့ page တွေရှိတယ်၊ အောက်မှာကျနော်သိသလောက်စုထားပေးတယ်။

ပြီးရင်တော့ medium တို့၊ twitter တို့မှာ လည်း စာတွေ၊ နေ့တိုင်းထွက်နေတဲ့ tools အသစ်တွေကိုစမ်းကြည့်လေ့လာကြည့်ပါတယ်။

ဘာဆက်လုပ်မလဲ။

အလုပ်မှာ position တစ်ခုရထားပြီးရင် အသစ်အသစ်တွေထပ်လုပ်ရမှာလား။ ရှိပြီးသားကိုပဲဘာလာရင် ဘာလုပ်ရမယ်ဆိုပြီး ပုံသေသွားနေတာလား နည်းနည်းကြည့်ပါတယ်။ အသစ်အသစ်တွေလုပ်နေရတာဆိုရင်တော့ လစာလည်းရမယ်၊ tech/tools အသစ်တွေကိုလည်းစမ်းရမယ်ဆိုတော့ ဆက်နေပြီးလုပ်တာကောင်းပေမဲ့ ဒါချည်းပဲလုပ်နေရတယ်ဆိုရင်တော့ ကျနော်သာဆို နောက်ထပ် ကိုယ်လုပ်ချင်တဲ့ tech တွေရှိတဲ့နေရာကို ပြောင်းမှာပါ။ ဒါပေမဲ့ စာလည်းလေ့လာရင်း အလုပ်လည်းလုပ်ရင်းဆိုရင်တော့ ခဏခဏ jump မလုပ်တာကောင်းပါတယ်။ tech အသစ်တွေရှိတယ်လုပ်ချင်တယ်ဆိုပြီး တစ်ခြားတစ်နေရာကိုပြောင်းဖို့စဥ်းစားရင် အဲ့ tech တွေကိုအရင်လေ့လာဖို့လိုပါတယ်။ ဥပမာ ကိုယ်ကအအရင်က github-action တစ်ခုတည်းကိုပဲ CI ရော CD ရော သုံးနေရာကနေ CD tools တွေနေရာမှာ argo တို့ flux တို့အစားထိုးလာတာမျိုးဆို ကိုယ်က မကျွမ်းကျင်ရင်တောင် ကိုယ့်ဘာကိုယ် တစ်လုံးစ နှစ်လုံးစ စမ်းထားမယ်ဆိုရင် အစိမ်းသက်သက်ကြီး မဖြစ်နေတော့ဘူးဆိုတာမျိုးပါ။ CI/CD မှမဟုတ်ဘူး ကျန်တာတွေလည်းအဲ့လိုပါပဲ။ nginx ingress သုံးရင် traefik ကိုလည်း သိသင့်တယ်ဆိုတာမျိုးပါ။ ပြီးတော့ နာမည်ကြီးနေတဲ့ တစ်ခြား tech တွေဖြစ်တဲ့ terraform တို့ ansible တို့ စတဲ့ Infrasturcture as Code tools တွေ၊ Configuration Management tools တွေ၊ automation လုပ်တဲ့အချိန်လိုအပ်တဲ့ scripting စတာတွေကို လည်းလေ့လာပါတယ်။ kubernetes တို့ docker တို့ ကတော့ မသိမဖြစ်သိရမှာတွေဖြစ်လို့ ထည့်မရေးတော့တာပါ။

နောက်ဆုံးမှာတော့

နောက်ဆုံးပိတ်အိပ်နဲ့လွယ်ပြောချင်တာကတော့ အချိန်လေးပေးပြီးဖြည်းဖြည်းနဲ့မှန်မှန်လုပ်သွားပါ။ လိုချင်တဲ့နေရာကို တစ်ဖြည်းဖြည်းရောက်အောင် ကိုယ့်ကိုယ်ကိုတွန်ပါ။ ခဏလေးနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ အချိန်တစ်ခုပေးလိုက်ပါ။

ဒါကတော့ free resources တွေနဲ့ ဘယ်လို learn လုပ်မလဲဆိုတာကိုကျနော်ပြောပြထားတဲ့ video ပါ။ လိုအပ်တာရှိရင်လာမေးပါ 10 မိနစ် ကို $20 နှုန်းနဲ့ပြန်ပြောပြပေးပါမယ်။ JK