Back to Home

Fixing Ubuntu External Display Wake Up Problem

Have you tried that before?

spec

ကျနော် ubuntu 20.10 ကို laptop မှာ install လုပ်ပြီး external monitor နဲ့ချိတ်သုံးဖို့ကြိုးစားရင်နဲ့ ကြုံရတဲ့ issue လေးကို တစ်ခြားသူတွေဖြစ်နေရင်လည်း fix လို့ရအောင် sharing လေးလုပ်ပေးပါမယ်။

ဖြစ်ပုံက ubuntu 20.10 impish တင်ထားတဲ့ ကျနော့် laptop display က တော်တော်ဆိုးဆိုးဖြစ်နေလို့ external monitor only နဲ့သုံးဖို့လုပ်တယ်၊။ ပထမကတော့ join display နဲ့သုံးတော့ အဆင်ပြေတယ်။ နောက်ကျနော်က laptop lid ကိုပါ ပိတ်ထားပြီး external only ပြောင်းလိုက်တဲ့အချိန်ကျတော့ sleep mode/suspend mode ဖြစ်သွားရင် keyboard နဲ့ mouse မှာတစ်ခုခုနှိပ်ရင် ပွင့်လာရမှာကို external display ဖြစ်တဲ့ monitor က auto detect မဖြစ်တော့ဘူး။ laptop lid ကိုပြန်ဖွင့် login ပြန်ဝင်နဲ့ အလုပ်တွေရှုပ်လာရော။ ပြီးတော့ laptop က vertical stand နဲ့ထားတာဆိုတော့ stand ကနေ ပြန်ထုတ်လိုက် ဖွင့်လိုက် ပြန်ထည့်လိုက်နဲ့ အလုပ်တွေရှုပ်ချက်။ အဲ့လိုနဲ့ သူ့ကို fix လုပ်လို့ရမဲ့ နည်းလမ်းလေးဘာလေး ရှိမလား မွှေနှောက်ကြည့်ရင်း အခုနည်းလမ်းလေးကို တွေ့တယ်ဆိုပါတော့။ ဘာမှအခက်ကြီးမဟုတ်ဘူး … အရင်ဆုံး laptop-mode-tools ဆိုတဲ့ tools လေးကို install လုပ်လိုက်တယ်….

 sudo apt-get install laptop-mode-tools

spec

ပြီးတော့ super key/windows key နဲ့ laptop-mode-tools လို့ရှာပြီး အဲ့ option တွေထဲက “Enable module video-out” ဆိုတာလေးကို mark လုပ်ပြီး ok နှိပ်လိုက်ရုံပါပဲ။ တစ်ချို့စက်တွေမှာ error ပြပါလိမ့်မယ်။ error message ပေါ်လာရင် laptop-mode-tools ကို အဖွင့်အပိတ်ပြန်လုပ်ပြီး “Enable module video-out” နေရာမှ အမှန်ခြစ်လေးရှိမရှိပြန်စစ်ကြည့်ပါ။