Introduction

ဒီအခြေအနေကြီးထဲ အလုပ်ကလည်းမရှိ ဒီကအလုပ်တွေလည်း ဆက်မလုပ်ချင်တော့တာနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က account ဖွင့်ပြီး ဒီတိုင်းပစ်ထားတဲ့ upwork ဘက်ကိုနည်းနည်းလေး ပိုအားစိုက်ဖြစ်လာတယ်။ အဓိကကတော့ အလုပ်ထွက်ထားတာရော တစ်ခြားအလုပ်ထပ်မလုပ်ချင်တော့တာရော အဲ့တာကြောင့်ရယ်၊ တတ်ထားတာလေးတွေလည်းမမေ့သွားရအောင်၊ ပိုက်ဆံလေးလည်းရအောင်ဆိုပြီး upwork ဘက်ပြန်လှည့်ဖြစ်လာတယ်ဆိုပါတော့။ စာကဘာလို့ထရေးလဲဆိုတော့ အလုပ်လည်းမရှိ တစ်နေ့တစ်နေ့အိပ်လိုက်၊စားလိုက်နဲ့ ဘာလုပ်ရင်ကောင်းမလဲစဥ်းစားရင်နဲ့ သူများတွေ medium မှာ သူတို့လုပ်ဖြစ်တာလေးတွေ ရေးထားတာဖတ်မိရင်နဲ့ ငါလည်းရေးဦးမယ်ဆိုပြီး idea ရတာနဲ့ ကောက်ရေးဖြစ်တာ။ self-promote လုပ်နေတာလည်းမဟုတ်သလို upwork ကို promotion ဆင်းပေးနေတာလည်းမဟုတ်ဘူး။ facebook မှာစာအရှည်ကြီးမရေးချင်လို့ ဒီမှာလာရေးတာ ဒါပဲ။

First day @ upwork

ပထမဆုံးအနေနဲ့ ဘာလဲပေါ့ ဒီ upwork က။ upwork ဆိုတာကတော့ freelane job platform တွေထဲကတစ်ခုပဲ။ သူ့ပဲသုံးဖူးလို့လားမသိဘူး ကျနော့်အတွက်ကတော့ တော်တော်လေးအဆင်ပြေတယ်။ ဘာမှလည်းမခက်ခဲဘူး။ facebook လိုမျိုးပဲ။ account စစဖွင့်လိုက်တာနဲ့ ကိုယ်က ဘာတွေလုပ်တတ်တာလဲ၊ ဘယ်လို field တွေမှာကျွမ်းကျင်လဲဆိုတာကို ထည့်ပေးရတယ်။ သေချာတော့မမှတ်မိတော့ဘူး။ IT field ထဲကမှမဟုတ်ဘူးနော်။ Accounting, Customer Service, Data Sience, Design, Engineering, Architecture, Marketing, Translation, Writing အကုန်ရှိတယ်။ account ဖွင့်ဖွင့်ခြင်းမှာ မထည့်လိုက်မိလည်း နောက်မှအေးဆေး ကိုယ့်ဘာသာကိုယ် profile ကိုပြန် build လုပ်လို့ရတယ်။ သူ့မှာလည်း facebook newfeeds လိုပဲ Find Job ဆိုတဲ့ job feeds လေးရှိတယ်။ အဲ့မှာ အလုပ်ပေးမဲ့သူတွေက သူတို့ဘာလုပ်ချင်ကြတယ်၊ ဘယ်လိုလူမျိုးလိုချင်ကြတယ်၊ ဘယ်လို field မျိုးမှာ ကျွမ်းကျင်ရမယ် အမျိုးမျိုးရေးတင်ပြီးတော့ freelancer ရှာကြတယ်။ အဲ့ထဲမှာမှ ကိုယ်လုပ်ချင်တာလေးတွေ့တယ်၊ သူတို့ပြောထားတဲ့ budget နဲ့လည်းအဆင်ပြေတယ်ဆိုရင် အဲ့ post တင်တဲ့ client ဆီကို proposal ရေးတင်ရတယ်။ proposal တင်တဲ့သူက job post တစ်ခုတင်တင်ပြီးချင်း တစ်နာရီအတွင်းမှာ အနည်းဆုံး 20 ကနေ 50 ထိရှိတယ်။ အဲ့ 50 ထဲမှာ client က ကိုယ့် proposal ကိုဖတ်ချင်လာအောင်၊ စာကြောင်းရေနည်းနည်းဖတ်လိုက်တာနဲ့ ကိုယ်ဘာတတ်လဲသိပြီး ကိုယ့်ကို အလုပ်ပေးချင်လာအောင် ရေးတတ်ဖို့တော့လိုတယ်။ project တွေက time based ကို hourly တွက်ပြီးပေးတာနဲ့ အပြတ်ပေးတာ နှစ်မျိုးရှိတယ်။ ကိုယ့် proposal ကို client က စိတ်ဝင်စားရင် သူတို့က reply message ပို့လာလိမ့်မယ်။ messenger လိုပဲ client တွေနဲ့ freelancer တွေစကားပြောဖို့ နေရာလည်းရှိတယ်။ အဲ့မှာ project အကြောင်း အနည်းအကျဥ်းကိုအရင် discuss လုပ်တယ်။ အဆင်ပြေတယ်ဆိုရင် offer ပို့ပေးတယ်။ တစ်ခုသတိထားရမှာကတော့ offer မပို့ပေးသေးဘဲ အလုပ်စလုပ်မပေးဖို့ပဲ။ ကျနော် upwork မှာ ပထမဆုံးရတဲ့အလုပ်ကို စစလုပ်ချင်းဆိုတော့ မသိသေးဘဲ အလုပ်အရင်လုပ်ပေးလိုက်မိတယ်။ သဘောကောင်းတဲ့ client မလို့တော်သေးတယ်။ သူက offer မပေးသေးရင် မလုပ်ပေးဖို့၊ scam ခံရနိုင်တယ် ဘာညာနဲ့သင်ပေးပြီတော့ offer ရော project ဖိုးကိုပါတစ်ခါတည်းရှင်းပေးသွားတယ်။ ဒါကတော့ သတိထားရမဲ့တစ်ချက်ပေ့ါ။ ပြီးတော့ project လိုက်ဖို့၊ proposal တင်ဖို့က connect ဆိုတဲ့ဟာလေးတွေလိုတယ်။ example ပြောရရင် ကျနော်က project A ကို proposal တင်ချင်တယ်ပဲထား၊ project A ကို proposal တင်ဖို့ 6 connects ကုန်တယ်ဆိုရင် ကျနော့်မှာ 6 connects ရှိနေမှရမယ်။ ပြီးတော့ upwork မှာ Basic နဲ့ Plus ဆိုပြီး membership plans နှစ်ခုရှိတယ်။ Basic ကတော့ တစ်လ 10 connects ရမယ်။ မလောက်ရင်လည်း ဝယ်သုံးလို့ရတယ်။ Plus ကျတော့ တစ်လကို $14.99 ပေးရတယ်။ ပေးရတာနဲ့တန်အောင် တစ်လကို 80 connects ရတယ်။ interview တွေဖြေရင်လည်း 20 ကနေ 50 လောက်ထိရနိုင်တယ်။ ဒါကတော့ upwork အကြောင်း အနည်းအကျဥ်းပေါ့။ အောက်ကပုံကတော့ မြင်ရမဲ့ job feed ရဲ့ view ပါ။

 Job Feed

After Working One month

တစ်လလောက် လုပ်ပြီးတဲ့အချိန်မှာတော့ client တော်တော်များများနဲ့လည်းစကားတွေ ပြောဖူးပြီ။ project လေးတွေလည်း စလုပ်လာရပြီဆိုတော့ ပိုက်ဆံလေးတွေလည်းလက်ထဲရောက်လာတာပေါ့။ သူ့ဆီက ပိုက်ဆံတွေကို withdraw လုပ်ချင်တယ်ဆိုရင်တော့ paypal/payoneer ရှိရမယ်၊ ိwired transfer လည်းရပေမဲ့ amount နည်းရင် fee ဖိုးနဲ့မကာမိဘူး။ paypal လေးလုပ်ထားတာတော့အကောင်းဆုံးပေါ့။ client ပေးတာကိုယ့်ဆီရောက်ဖို့တော့ 5 ရက်ကြာတယ်။ အလုပ်တွေကတော့ သေးသေးမွှားမွှား လေးတွေကစပြီ အမျိုးမျိုးရှိတယ်။ ကိုယ်ကြိုက်တာကိုယ် ရွေးပြီး proposal တင်ရုံပဲ။ ကျနော်ကတော့ အလုပ်မရှိတော့ အချိန်ပြည့် browse လုပ်နိင်တယ်။ client တွေ message တွေကို reply မြန်မြန်လုပ်နိုင်လေ အလုပ်လုပ်ရဖို့ chance များလေပဲ။ proposal sample လေးတွေကိုတော့ ကျနော် အောက်မှာသိသလောက်လေး example ပြထားပေးပါတယ်။

Example 1: Shot and Sweet

Hello [Client Name],

[If applicable: Thanks for the job invite.] It’s a pleasure tomeet you. [Ask 3-4 short but relevant questions about the jobhere. This shows that you’ve read the description and know yourstuff, and also invites the client to begin a conversation withyou.]

[Qualify yourself briefly here. 1-2 lines that communicate why you’d be a good fit for this job.]

Best regards,
[Your Name]

Example 2: The Honst Newbie

Hello [Client’s Name],

I’d really like to work with you on this one if possible!

I do have a couple of questions, but first I’d like to make you an offer and some background so you can check my work out.

[Short paragraph explaining your work experience relevant to the job.]

However, I am new to Upwork and looking to get a few clients that I can build upon. If you take a look at my work and feel that I could help you, I’ll do it for a 10% discount.

You’ll get all the expected stuff like a great professional service and a fast turn around, at a bit less, and I get a bit more exposure.

[If applicable, include a link to your portfolio website here, or invite the client to check out the work samples you’ve attached to your proposal.]

[Ask 1-2 short but relevant questions about the job here. This shows that you’ve read the description and know your stuff, and also invites the client to begin a conversation with you.]

If the above offer sounds like something you would be interested in, I’d love to hear from you.

Regards,
[Your Name]

ကိုယ်လိုတာလေးယူ မလိုတာလေးဖြုတ် ဖြတ်ညှပ်ကပ် လုပ်လိုက်ပေါ့။ အဆင်ပြေမှာပါ။

Conclusion

နောက်ဆုံးအနေနဲ့ကတော့ ဘာမှပြောစရာလည်းမရှိတော့ဘူး။ စဥ်းစားထားတာလည်းအကုန်ချရေးပြီးသွားပြီ။

အဲ့တော့ခေတ်ကာလအရမှာချင်တာကတော့ stay safe. OK?